ကမမောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကမမောင်း အောက်တိုဘာ ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဘုံကထိန်လှည့်ပွဲတွင်      ရပ်ကွက်အသီးသီးမှ    ပဒေသာပင်များကို  ကိုးနဝင်းဘုန်းတော် ကြီးကျောင်း၌စုရပ်ပြု၍ ကမမောင်းမြို့ရပ်ကွက်အသီးသီးသို့ သယ်ဆောင်ကာ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်ပွဲအတွင်း အလှူရှင်များက ရေများ၊ ဖျော်ရည်များနှင့် စားသောက် ဖွယ်ရာများကို ကုသိုပြုလှူဒါန်းခဲ့ကြောင်းနှင့် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်မပျက်ကျင်းပလာခဲ့ကြောင်း သိရှိရသည်။

သန့်ဇင်ဝင်း(ပြန်/ဆက်)