မိုးညို အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ သခင်လှရှိန် လမ်းမကြီးတွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ သခင်လှရှိန် လမ်းမကြီးရှိ နေအိမ်တစ်လုံး၏ ဘုရားဆောင်တွင် သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်း(၅)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)