ငပုတောမြို့၌ မဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကျင်းပ
Oct 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ သိမ်တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။