သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ​လပွတ္တာမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကား

လပွတ္တာ အောက်တိုဘာ ၁၀

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့ သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ စည်ကားလျက်ရှိရာမှာ လပွတ္တာမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီး၊ အောင်တော်မူစေတီ တို့တွင် အေးချမ်းစွာ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ အလားတူလပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းတွင်လည်း စတုဒီသာကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)