သတင်းများ

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်
Oct 14,2022
ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးရန်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၉) နာရီက အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခဲ့သည်။
ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Oct 14,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး  စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့်  အသိပညာဗဟုသုတများ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေကိုအမြတ်တနိုးလေ့လာ ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာရေးဆရာများဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်
Oct 14,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြသည်။
မိုင်းခုတ်မြို့၌ ဝက်ဈေးကောင်းရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေ
Oct 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဝက်ဈေးကောင်းရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အိမ်ထောင်စု (၂၀၀) အား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေး အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အုန်းပင်အုပ်စု၊ သံဒိုင်ခင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
Oct 14,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပုတင်းစုဈေး၊ ရမ်းဗြဲ-ပိန္နဲတောင်လမ်းဆုံနှင့် လူသွားလူလာများသော နေရာများသို့သွားရောက်ပြီး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Oct 14,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး (Talk Show ) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။