ဗိုလ်တထောင် အောက်တိုဘာ ၁၄
ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးရန်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၉) နာရီက အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ရေစည်နှင့် ရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးများခတ်ခြင်း၊ ဘုရားပန်းအိုးများ၊ ရေစည်များနှင့် ရေကန်များတွင် ပိုးလောက်လန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန်ဦးဆောင်သော အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)