မိုင်းခုတ်မြို့၌ ဝက်ဈေးကောင်းရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေ

မိုင်းခုတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဝက်ဈေးကောင်းရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် ဝက်များကို ခြံဆောက်၍သော်လည်းကောင်း၊ လွှတ်၍လည်းကောင်း မွေးမြူကြပြီး ယခင်က ဝက်သားပေါက်တစ်ကောင်လျှင်(၅၀၀၀၀)ကျပ်သာ ရရှိပြီး ယခုအခါ (၇၀၀၀၀)ကျပ် ရရှိကြောင်း၊ အထီးဆိုပါက ဈေးပို၍ရကြောင်းနှင့် ယခင်က ဝက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်သာ ရှိခဲ့ပြီး ယခုအခါ ဝက်သားတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်ရရှိသဖြင့် ဝက်မွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဟိုခန့်ကျေးရွာမှ ဝက်မွေးမြူရေးလုပ်ကိုင်သူ ဉီးစိုင်းအောင်က ပြောသည်။

ဒေသခံတိုင်းရင်းသားများအနေဖြင့် ဝက်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး  အစာအဖြစ် ကုလားပဲ၊ ဆန်၊ ပြောင်း၊ ငှက်ပျောနှင့် ပိန်းရွက်များကို ကျွေးကာ မွေးမြူကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)