ကံမမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ
Oct 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ သရက်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ကံမမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများမှ သင်တန်းသား ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။