သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့်စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့်သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီက ချောင်းကျိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဟားခါးမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 14,2022
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့တွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ ကျင်းပ
Oct 14,2022
သတင်းရေးသားပေးပို့ရာတွင် အရည်အချင်းပြည့်ဝသည့် သတင်းထောက်များ ပေါ်ထွန်းလာစေရန်နှင့် အရည်အသွေးပြည့်မီသည့် သတင်းများ ရေးသားပေးပို့နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဇီးကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၂/၂၀၂၂ ဖွင့်လှစ်
Oct 14,2022
ကျောင်းသား/သူအနေဖြင့် အခြေခံရှေးဦးပြုစုခြင်းပညာရပ်များ နားလည်တတ်မြောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျောင်းများဘေးကင်းရေး လူငယ်များပါဝင်ပေး (Youth in School Safety) အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်လာစေရန်နှင့် 
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ‌ မောင်မိုးယံရေးသားသည့် လူငယ်နှင့်အနာဂါတ် ဘဝမြှင့်တင်ရေးဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများ အပေါ်ရိုသေ ကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာမောင်မိုးယံရေးသားသည့် လူငယ်နှင့်အနာဂါတ် ဘဝမြှင့်တင်ရေးဆောင်းပါးများ စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
ရွှေတောင်မြို့နယ်တွင် အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း(၄/၂၀၂၂)ဖွင့်လှစ်
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်(၁၀:၀၀)နာရီက အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း (၄/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင်များ‌ ထောက်ပံ့‌ပေးအပ်
Oct 14,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ ပေးအပ်လျက်ရှိရာ၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တာဝန်ရှိသူ တို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့သည်။