သတင်းများ

ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဓနုရိုးရာယဉ်ကျေးမှု အကြောင်း Talk Show ပြုလုပ်
Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ဓနုရိုးရာယဉ်ကျေးမှုအကြောင်း Talk Show ကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး
Oct 14,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက် ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်း ခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 14,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ကြဲပတ်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းများ ပြုလုပ်ထားသည်း ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာ တောင်သူများထံမှ သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးနှိုးဆော်မှုများဆောင်ရွက်
Oct 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်‌မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်‌ရေးနည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက စုကလိမြို့ ရပ်ကွက် တွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့၌ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းဆင်းပွဲများကျင်းပ
Oct 14,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၆)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၃)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၃)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၈)၊ လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၁၀)ဆင်းပွဲကို စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးကွင်းဆင်းဆွေးနွေး
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဘုတလက်တန်းကြီးကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းတွင်ရှိသော အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့နယ်ရှိ အသက်အကြီးဆုံး အဘိုးတစ်ဦးအား မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ငွေ (၁၀,၀၀,၀၀)ကျပ်အား သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း သစ္စာခန်းမတွင် ကျင်းပသည်။