ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဟိုပန်  အောက်တိုဘာ ၁၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး  စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့်  အသိပညာဗဟုသုတများ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသည့် ၂၀၁၇ ခုနှစ်၊ ထွန်းဖောင်းဒေးရှင်း လူငယ်စာပေဆုရ စာအုပ်တစ်အုပ်ဖြစ်သည့် "ပျော်ရွှင်ခြင်း" သုတစာအုပ်ပါ ခေါင်းစဥ်များအား မိတ်ဆက်ဖတ်ကြားပြီး ဉီးဆောင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဟိုပန်မြို့နယ်၊ Book Club အသင်းဝင် ဒေါ်ယဥ်ယဥ်ထွေးက "ပျော်ရွှင်ခြင်း" သုတစာအုပ်မှ "အခက်အခဲနှင့်ရင်ဆိုင်ရလျှင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အေးအေးလွင်က "စိတ်ပူပန်တတ်တဲ့အကျင့်ကိုဖျောက်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက "စိတ်ဓာတ်ကြံ့ခိုင်မှု"နှင့် "ပျော်ရွှင်မှုသာရရင်" ခေါင်းစဥ်များဖြင့် လည်းကောင်း အသီးသီးဖိတ်ကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)