ကျိုက်ထို အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး (Talk Show ) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေမှာပါ၀င်တဲ့ စကားရပ်များ၏အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာ၀န်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာ၀န်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ကုန်စည်၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အခွင့်အရေးစသည့် အကြောင်းရာများကို အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)