ပင်းတယ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ဓနုရိုးရာယဉ်ကျေးမှုအကြောင်း Talk Show ကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ဓနုလူမျိုးတို့၏ ဓလေ့၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ အယူအဆ၊ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုများ ကွယ်ပျောက်မသွားစေရန်နှင့် မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယခု Talk Show ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဓနုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးနိုင်ကိုမှ ဓနုအမျိုးသား၊ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။
အဆိုပါ Talk Show အား We Love Pindaya Page နှင့် ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက် Page တွင် Online မှတစ်ဆင့် ပြည်သူများသိရှိစေရန် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)