သာယာဝတီ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁၂ နာရီက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ပဏာမ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အတွင်းရှိမြို့နယ်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိတို့က မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုထားရှိမှု အခြေအနေ၊ မဲစာရင်းမှန်ကန်မှုရှိရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှု အခြေအနေ၊ လျာထား မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းများ လျာထားသတ်မှတ်ထားရှိမှု၊ရွေးကောက်ပွဲအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်)