ပုသိမ်မြို့ "ရွှေပြည်တော်သို့ဆုံမှတ်" ပရဟိတအသင်းမှ စုပေါင်းသွေးလှူဒါန်း

ပုသိမ်      အောက်တိုဘာ      ၁၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်းတွင် "ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း" မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်နှင့်တပ်ရင်းတပ်ဖွဲ့များမှအရာရှိ အရာခံစစ်သည်များ လာရောက်ကြည့်ရှုကာ သွေးလှူရှင်များကို အားပေးစကားများပြောကြားခဲ့ကြပြီး အာဟာရဖြစ်စေမည့်ဆေးဝါးနှင့် အစားအစာများ ပေးအပ်ခဲ့ကြသည်။

“ရွှေပြည်တော်သို့ဆုံမှတ်” ပရဟိတအသင်းမှ ဦးအောင်ကျော်မိုးနှင့် ပရဟိတအသင်းသား/သူများက ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းမှ ပရဟိတအသင်းသား/သူများနှင့် ရဟန်းရှင်လူစုစုပေါင်း (၁၅၀)ဦးတို့က စုပေါင်းကာ သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြရာ နယ်မြေခံဆေးတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ ရောဂါစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်