ဟင်္သာတ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယနေ့နံနက် ၉နာရီခွဲက နိဗ္ဗာန်ကျေးရွာ အုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော ကွင်းဆင်းအဖွဲ့ စစ်ကြောင်းကြီး (၅)ကြောင်းသည် ဟင်္သာတမြို့နယ် နိဗ္ဗာန်ကျေးရွာအုပ်စု၊ သိရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဘုရားတန်ဆောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ကျေးရွာတွင်း လမ်းတံတားနှင့် လျှပ်စစ်မီးရရှိရေး စသည့် ဒေသဖွံဖြိုးလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်(ဟင်္သာတ)