သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်

သိန္နီ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းစနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ပြည်ထောင်စုလမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေရေးအတွက် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံရန်၊ ၆ လပြည့်တိုင်း ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်၊ လက်ကိုစနစ်တကျဆေးရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာ တိုင်း နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုင်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)