သတင်းများ

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂  ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 20,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂  ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့  နံနက်  ၁၀ နာရီက ရွာကြီးကျေးရွာအုပ်စု၊  ရွေကျေးရွာ၌  ကွင်းအမှတ် (၇၁၀)၊  ဦးပိုင်အမှတ် (၁၆၂) ၊ ပြင်ချောင်းကွင်းအတွင်းရှိ တောင်သူ ဦးညီချေ၏ လယ်တွင်ကျင်းပကြသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နဲ့ လျှောက်ရမည့်လမ်း” စာအုပ်ဖြင့် စာဖတ် ဝိုင်းကျင်းပ
Oct 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများစာဖတ်သည့် အလေ့အထကောင်းရရှိလာရေး၊ စာအုပ်စာပေများမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာရေးတို့ကို ရည်ရွယ်၍
သိန္နီမြို့တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေး
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူများ စာပေဗဟုသုတကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရှိစေရေးတို့အတွက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် လူသုံးကုန်၊ စားသောက်ကုန်နှင့်ဆေးမျိုးစုံ ရောင်းချနေသောဆိုင်များနှင့်  ကျောင်းဈေးမုန့်ဆိုင်များအားစစ်ဆေး
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် ကျောင်းဈေးမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယခုနှစ် ရေဖြူဒေသ၌ ရာဘာရာသီအဖွင့်တွင် မနှစ်ကထက်စျေးကောင်းရရှိ
Oct 20,2022
ယခုနှစ်ရာသီဖွင့်စတွင် ရေဖြူဒေသ၌ ရာဘာအစေးပြားစျေးမှာ မနှစ်ကရာသီစထက် စျေးပိုကောင်းနေကြောင်း ရာဘာတောင်သူများထံက သိရသည်။
မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းအတွက် ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား ပေးအပ်လှူဒါန်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး တက်ရောက်
Oct 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ တိုင်းဒေသကြီး သာသနာရေးမှူးနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်းဆန်းဝင်းနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူကျောင်းတိုက်သို့ ရောက်ရှိပြီး အဆိုပါကျောင်းတိုက် ဆရာတော်အမှူးပြုသော ကျောင်းတိုက်(၅)တိုက်မှ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ဝိုင်းပြုလုပ်
Oct 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူများ၏ အတွေ့အကြုံ အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Oct 20,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ စာကြည့်တိုက် ကြီးကြပ်​ရေး​ကော်မတီဝင်များနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်​ရေး​ကော်မတီဝင်များက ယ​နေ့ နံနက်ပိုင်းတွင် ၁၀ နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်​ချောင်းရပ်ကွက်၊ ရတနာအလင်း​ရောင် စာကြည့်တိုက်သို့ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေး နယ်လှည့်ကွင်းဆင်း​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။