ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ကြည့်မြင်တိုင် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း​ဒေသကြီး၊ စာကြည့်တိုက် ကြီးကြပ်​ရေး​ကော်မတီဝင်များနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်​ရေး​ကော်မတီဝင်များက ယ​နေ့ နံနက်ပိုင်းတွင် ၁၀ နာရီအချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်​ချောင်းရပ်ကွက်၊ ရတနာအလင်း​ရောင် စာကြည့်တိုက်သို့ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေး နယ်လှည့်ကွင်းဆင်း​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။  

အဆိုပါ နယ်လှည့်ကွင်းဆင်း ​ဆောင်ရွက်ရာတွင် ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေး စာအုပ်စာ​စောင်များ တိုးပွား​ရေး၊ စာဖတ်သည့်ပြည်သူများ တိုးပွား​ရေးတို့အတွက် ဆွေး​နွေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)