မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နဲ့ လျှောက်ရမည့်လမ်း” စာအုပ်ဖြင့် စာဖတ် ဝိုင်းကျင်းပ

မက်မန်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများစာဖတ်သည့် အလေ့အထကောင်းရရှိလာရေး၊ စာအုပ်စာပေများမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာရေးတို့ကို ရည်ရွယ်၍ စာရေးဆရာ မောင်မင်းစိုး၏ “ လူငယ်နဲ့ လျှောက်ရမည့်လမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၌ “ယနေ့ နည်းပညာထွန်းကားလာသောအချိန်တွင် ပြည်သူများအနေဖြင့် စာအုပ်စာစောင်များကို ဖတ်ရှုမှု အားနည်းလာပါကြောင်း၊ ဒေသခံပြည်သူများပါဝင်သော စာပေချစ်သူများ တိုးပွားလာရေး အတွက် စာဖတ်ဝိုင်း များကို လစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း” ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင် မဝင်းမြင့်မိုးက ဦးဆောင်၍ “လျှောက်ရမည့်လမ်း” ဆောင်းပါး အခန်း(၁)နှင့်အခန်း(၂)အားလည်းကောင်း၊ မစန်းစန်းဌေးက “လျှောက်ရမည့်လမ်း” အခန်း (၄)နှင့် အခန်း(၅)လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင် မစုစုလှိုင်က “ဘဝနေနည်း လမ်းညွှန်” ဆောင်ပါး အခန်း(၁)မှ အခန်း(၄)ထိလည်းကောင်း၊ မဝင်းသီရီရွှေက “ဘဝနေနည်းလမ်းညွှန်” ဆောင်ပါး အခန်း(၅)မှ အခန်း(၈)ထိလည်းကောင်း အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တက်ရောက်ကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများက ဝိုင်းဝန်းပူး ပေါင်းဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင် စုစုပေါင်း (၁၂)ဦးတက် ရောက်ခဲကြပြီး စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်၊ ပြန်/ဆက်