ဇီးကုန်း အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် ကျောင်းဈေးမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာလွင်နှင့်ဝန်ထမ်းများ၊ စားသုံသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်တို့ဦးဆောင်သော ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော စုပေါင်းအဖွဲ့သည် ဇီးကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ဈေးဆိုင်များနှင့် ကျောင်းဈေး မုန့်ဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့ပြင် တရားမဝင်တင်သွင်းပြီး Online ပေါ်တွင်ရောင်းချနေသော ဆေးဝါးများအား ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှု မရှိသော ပစ္စည်းများ မရောင်းချရန်တို့ကို ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)