သိန္နီမြို့တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေး

သိန္နီ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူများ စာပေဗဟုသုတကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရှိစေရေးတို့အတွက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအနက်မှ ကျန်းမာရေး စာအုပ်များ၊ အတုယူအားကျဖွယ် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတိစာအုပ်များ၊ စိတ်ဓါတ်ခွန်အားဖြည့်စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အခြားဗဟုသုတရရှိစေမည့် စာအုပ်များကို အခမဲ့ ငှားရမ်းပေးခြင်း ဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာချင် သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းရန် အခက်အခဲရှိသော စာပေဝါသနာရှင်များအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ နှစ်ပတ်လျှင်တစ်ကြိမ် သွားရောက်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)