ရမ်းဗြဲမြို့နယ်၌ ၂၀၂၂  ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ရမ်းဗြဲ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂  ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့  နံနက်  ၁၀ နာရီက ရွာကြီးကျေးရွာအုပ်စု၊  ရွေကျေးရွာ၌  ကွင်းအမှတ် (၇၁၀)၊  ဦးပိုင်အမှတ် (၁၆၂) ၊ ပြင်ချောင်းကွင်းအတွင်းရှိ တောင်သူ ဦးညီချေ၏ လယ်တွင်ကျင်းပကြသည်။

မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်တင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုး၊ ရမ်းဗြဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနှင့်ဝန်ထမ်းများဌာနဆိုင်ရာများ၊ ရွာကြီးကျေးရွာအုပ်စုအတွင်းမှ တောင်သူများနင့် ပတ်ဝန်းကျင်ကျေးရွာများ မှတောင်သူများတက်ရောက်ခဲ့ကြသည်။

ထိုသို့ အထွက်တိုးမိုးစပါး မျိုးသန့်မျိုးပွား(RS)မျိုး ဆင်းသွယ်လတ်မျိုးစပါးကို ရွာကြီးကျေးရွာအုပ်စုအတွင်း စိုက်ဧက(၁၀၀) စိုက်ပျိုးထားရှိပြီး မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစေ့ထုတ်စိုက်ဧကကို (၄၉)ဧကကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်အဖြစ်စိုက်ပျိုးပေးခဲ့ရာ ယနေ့မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တောင်သူ ဦးညီချေ၏ လယ်မှ စံကွက်အဖြစ် စိုက်ဧက (၀.၁၀) ဧကကိုရိတ်သိမ်းခြွေလှည့်ခဲ့ရာ မိုးစပါးအထွက်နှုန်းမှာ သတ်မှတ်ချက်ပြည့်မီစွာထွက်ရှိလျက်ရိကြောင်းတွေ့ရသည်။ ထို့ကြောင့် မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်ယခုကဲသို့ မျိုးကောင်းမျိုးသန့် မျိုးပွား(RS) စပါးမျိုးများကို ရွေးချယ်စိုက်ပျိုး

လာကြမည်ဆိုပါက စပါးအတွက်တိုးလာပြီး ဝင်ငွေများပိုလျှံလာဖြစ်ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)