ယခုနှစ် ရေဖြူဒေသ၌ ရာဘာရာသီအဖွင့်တွင် မနှစ်ကထက်စျေးကောင်းရရှိ

ရေဖြူ အောက်တိုဘာ ၂၀

ယခုနှစ်ရာသီဖွင့်စတွင် ရေဖြူဒေသ၌ ရာဘာအစေးပြားစျေးမှာ မနှစ်ကရာသီစထက် စျေးပိုကောင်းနေကြောင်း ရာဘာတောင်သူများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရာဘာအစေးပြားတစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့်စခဲ့ရာ ယခုနှစ်တွင် ၁၄၀၀ကျပ် စျေးပေါက်နေကြောင်း သိရသည်။

ရာဘာပင်ကို ရေဖြူဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဒုတိယနှစ်ရှည်သီးနှံပင်အဖြစ် ကွမ်းသီးပင်ကို စိုက်ပျိုးကြသည်။ မနှစ်ကရာသီအစတွင် တစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့်စျေးဖွင့်ခဲ့ပြီး ရာသီအကုန်တွင် တစ်ပေါင်လျှင် ၁၃၅၀ ကျပ်ဖြင့် ရရှိခဲ့သည်။ ယခုနှစ်မှာတော့ ရာသီအစမှာပင် တစ်ပေါင်လျှင် ၁၄၀၀ ကျပ်နှုန်းဖြစ်နေသဖြင့် တဖြည်းဖြည်းစျေးတက်လာနိုင်သေးကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

ခတ္တာ