သတင်းများ

ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ(DCRC) အစည်းအဝေးပြုလုပ်
Oct 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကလေးသူငယ်အခွင်းအရေးဆိုင်ရာ ကော်မတီ (DCRC) အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးကောက်ရင်စပါးများစတင်ရိတ်သိမ်း
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးကောက်ရင်စပါးများကို အောက်တိုဘာလ တတိယပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ရွှေတောင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးနယ်လှည့်၊ ဟောပြော၊ နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားကောင်း၍ ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကိုအမှီပြုပြီး ဖီးကြမ်းငှက်ပျောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောသီးများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားနေ၍ ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖီးကြမ်းငှက်ပျော စိုက်ပျိုးတောင်သူများထံက သိရသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး​ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် Mask တပ်ဆင် ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမ ကြီး ၊ဗိုလ်ချုပ်ကြေးရုပ်နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂)  ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 31,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။