မြင်းခြံမြို့တွင် ရဲဗလတံဆိပ်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂) ဖြင့် ချီးမြှင့် အပ်နှင်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရွှေဖြင့်ပြုလုပ်သောရဲဗလတံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။