ကျောက်ဆည် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ကိုင်လိုသူများ အထောက် အကူဖြစ်စေရန် အရင်းအနှီးနည်းနည်းဖြင့်ဖြင့် အကျိုးဖြစ်ထွန်းစေသည့် မိမိတို့ကိုယ်တိုင် အသင့်ပြုလုပ်နိုင်သည့် ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်ခြင်းအားဖြင့် ရရှိလာသော အကျိုး ကျေးဇူးများနှင့် အားလပ်ချိန်တွင် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေရန် ရည်ရွယ်ချက် များဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းအဆင့်ဆင့်ကို သင်တန်းနည်းပြဆရာမ ဒေါ်ခင်မြမြက လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းတွင် ပါဝင်သောပစ္စည်းများကို အချိုးကျ ရောစပ်ကာ ကိုယ်တိုင်လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်