လဲချား နိုဝင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့ပါသည်။
ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းသန်းစိန်နှင့်ဝန်ထမ်းများမှ မြို့မကျေးရွာအုပ်စုရှိ မိုးစပါးစံကွက်စိုက်ခင်း (ကွင်းအမှတ်(၁) ၊ ဦးပိုင်အမှတ် ၁၈) တောင်သူ ဒေါ်မြဇွန် လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ(၅.၀၉)ဧကအား တီယူ-၁၂ မျိုးစပါး စိုက်ခင်းအား ရိတ်သိမ်းရာတွင် တစ်ဧကအထွက် အခြောက်တင်း (၁၀၅.၆၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)