နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင်ထူးချွန်သည့် သားကောင်းသမီးကောင်းများဖြစ်ကြစေလို

ဘားအံ နိုဝင်ဘာ ၉

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် တက်ရောက်ခဲ့သူများသည် နိုင်ငံတော်အတွက် ကျရာဏ္ဍမှ သက်ဆိုင်ရာဌာန၊ နယ်ပယ်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ကျရာအခန်းကဏ္ဍမှ ကျရာတာဝန်ကိုထမ်းဆောင်နိုင်ရန် ကျောင်းတော်ကြီးမှ ဘက်ပေါင်းစုံလေ့ကျင့်မွေးထုတ်ပေးလိုက်မည်ဖြစ်ကြောင်း၊ မဆုတ်မနစ်သောလုံ့လဖြင့် ပညာရေးပန်းတိုင်ပြီးဆုံးသည့်ထိ သင်ယူမှတ်သားလေ့လာကြစေလိုပြီး လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ကြရာတွင်လည်း မိမိ၏နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင်ထူးချွန်သည့် သားကောင်းသမီးကောင်းများဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)သို့ တက်ရောက်မည့်သူ ၁၁ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ပထမနှစ်သင်တန်းတက်ရောက်မည့်သူ ၁၆ ဦး စုစုပေါင်း၂၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၄၄၀၀၀၀(တစ်ဆယ့်လေးသိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။

ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲ (စတုတ္ထည) ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း