မူဆယ်မြို့၌  ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေး ပြုလုပ်

မူဆယ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင်  ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများအတွက် အသိပညာဟောပြောပွဲများကို ဌာနဆိုင်ရာများ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ နောက်ထပ် အသက်(၁၈)နှစ်မပြည့် သေးသော ကလေးများ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးမှုမဖြစ်စေရန်တို့ကို အဖွင့်အမှာစကား အကျယ်တဝင့်ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး မူဆယ်ခရိုင် ဦးစီးမှူး ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်တင်တင်စိန်က ကလေးသူငယ် အခွင့်အရေးများနှင့်ပက်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်း၊ CRC သမိုင်းကြောင်းများ၊ CRC၏ အခြေခံမှု(၄)ရပ်အကြောင်းများ၊ CRC ၏ အနှစ်သာရများ ကလေးသူငယ်အခွင့်အရေး(၄)ရပ်များအကြောင်း၊ အခွင့်အရေး(၄)ရပ်အား နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ DCRC,TCRC ဖွဲ့စည်းထားမှုအကြောင်းများ၊ မြန်မာနိုင်ငံမှ CRC အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ကလေးသူများ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့် အကြောင်းများကို  Projector  ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော တာဝန်ရှိ ဌာနဆိုင်ရာများက ကလေးသူများ၏ အခွင့်အရေး များနှင့်ပက်သက်သည်များကို ဆွေးနွေးကြပြီး  ကော်မတီအဖွဲ့ဝင်များ အပြန်အလှန် ဝိုင်းဝန်ကူ ညီမည်ဖြစ်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)