ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အကြောင်း Talk show ပြုလုပ်

ငါးသိုင်းချောင်း နိုဝင်ဘာ ၁၀

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကြောင်းအရာများနှင့် အတွေ့အကြုံများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သဘင်ပညာရှင် ဧရာဝတီသန့်ဇော်နှင့်အတူ Talk show အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ Talk show တွင် ပြိုင်ပွဲဝင်များကို လေ့ကျင့်သင်ကြားပေးခဲ့မှုများ၊ ပြိုင်ပွဲ အတွေ့အကြုံများ၊ (၂၀၂၃)ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားလူငယ်များအနေဖြင့် ကြိုတင်လေ့လာ ပြင်ဆင်လေ့ကျင့်ထားရန် လိုအပ်ချက်များကို သဘင်ပညာရှင် ဧရာဝတီသန့်ဇော်က အကျယ်တဝင့် ဆွေးနွေးပေးထားကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း (ပြန်ဆက်)