မိုင်းယုမြို့၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေး

မိုင်းယု နိုဝင်ဘာ  ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကြီးလူငယ်၊ အရွယ်မရွေး၊ ကျား/မမရွေး လူကုန်ကူးခံရခြင်းမဖြစ်ပေါ်စေရေးအတွက် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ လူကုန်ကူးခြင်းသည် လူကြီးလူငယ်၊ အရွယ်မရွေး၊ ကျား/မ မရွေး လူကုန်ကူးခံရတတ်ခြင်း၊ အချိန်မရွေးဒေသမရွေးဖြစ်ပေါ်တတ်မှု၊ မိမိပတ်ဝန်းကျင်နှင့် မည်သည့်နေရာမဆို ဖြစ်ပေါ်တတ်မှုတို့ကို ဆွေနွေးခဲ့သည်။

ယင်းနောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကိုကိုနိုင်က လူကုန်ကူးမှု၏ ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံအတွင်း လူကုန်ကူးခံရမှုအမျိုးအစားများ စသည်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်