ချောက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်းအတွင်း၌ တိုင်းဒေသကြီးအစိုရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချသည့် ဆန်များနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ ရောင်းချသည့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီး/ဟင်းရွက်များကို စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ်၁၅၀၀နှုန်း၊ ဆီတစ်ပိဿာလျှင် ငွေကျပ်၄၆၀၀နှုန်း၊ ကြက်ဥတစ်လုံးငွေကျပ် ၁၅၀ နှုန်း၊ အမဲသား/ဝက်သား တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့်ရောင်းချပြီး လာရောက်ဝယ်ယူသူများနှင့် ဖြတ်သန်းသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)