ချောင်းဆုံ နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းချပြရှင်းလင်းခြင်းကို ယနေ့နံနက်က(စိုက်ပျိုး၊ မွေးကု၊ ကျေး/လက်၊ သ/မငါးလုပ်ငန်း)ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ဘိုးနက်၊ ကညှော်၊ ကော့မုပွန်)ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။
တာဝန်ရှိသူများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေထုတ်ချေးပေးနိုင်ရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသားငါးထုတ်လုပ်မှု၊ စက်မှုလက်မှုလုပ်ငန်းစသည့် စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစွာလုပ်ကိုင်ထုတ်လုပ်နိုင်ရေး၊ ထောက်ပံ့ထုတ်ငွေချေးမည့် အခြေအနေများကို အသေးစိတ်ချပြရှင်းလင်းခြင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍လည်းကောင်းဆွေးနွေးပြီး ကျေးရွာပြည်သူများ၏ အဆိုပြုတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ကြောင်းနှင့် ကော်မတီဖွဲ့စည်းကွင်းဆင်းခြင်းကို ယမန်နေ့က(ကွမ်သဲ၊ မရမ်း၊ မုကွဲ)ကျေးရွာများသို့ကွင်းဆင်းခဲ့ပြီး ယနေ့အထိ ကျေးရွာ(၆)ရွာအား ကွင်းဆင်းခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မည့် ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)