တနင်္သာရီ နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ညနေ (၄) နာရီအချိန်က ပြသခဲ့သည်။
အဆိုပါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး နံရံကပ်စာစောင်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ကဗျာများ၊ ကာတွန်းများ ပါဝင်သော နံရံကပ်စာစောင်များအား အများပြည်သူဖတ်ရှုနိုင်ရေး ပြသထားရာ အထကတနင်္သာရီမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
သီသီခိုင်(တနင်္သာရီ)