ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

နမ့်ဆန် နိုဝင်ဘာလ ၁၀

တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ၊၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အဆိုပါအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းထားထားလှိုင်က (Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြပြီး နမ့်ဆန်မြို့နယ် ပညာရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဦးက နှစ်စဉ် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရ ခြင်း၏ သမိုင်းကြောင်းမှာ မြန်မာပြည်သူအများ တက္ကသိုလ်ပညာသင်ကြားနိုင်ရေး ကန့်သတ်ပိတ်ပင်ထားသည့် ယူနီဗာစတီအက်ဥပဒေကို ရေးဆွဲပြဌာန်းခဲ့ချိန်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားများက ယူနီဗာစတီအက်ဥပဒေကို စတင်သပိတ်မှောက်ခဲ့ရာမှ ကျောင်းသားသပိတ်သည် နိုင်ငံတစ်နှံ့တစ်လျား ပျံ့နှံ့ရိုက်ခတ် သွားခဲ့သည်။ အမျိုးသားစိတ်ဓာတ်နိုးကြားလာသော ပထမကျောင်းသားသပိတ်မှ ဂျီစီဘီအေ (မြန်မာပြည်လုံးဆိုင်ရာ ကွန်ဖရင့်ကြီးပေါ်ပေါက်လာလျက် ပြည်သူတရပ်လုံး၏ အမျိုးသားရေးနိုးကြားမှုကို ဦးဆောင်လမ်းပြနိုင်ခဲ့သည် ကျွန်ပညာကိုအံတုသော ပထမကျောင်းသားသပိတ်ပေါ်ပေါက်ရာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်လာခဲ့ရာ ယခုဆိုလျှင်(၁၀၂)နှစ် တိုင်ခဲ့ပြီဖြစ်ရာ အမျိုးသားနေ့သည် အခြားသော နေ့ကြီးများနည်းတူ မြန်မာတစ်မျိုးသားလုံး မမေ့အပ်သောနေ့တစ်နေ့ဖြစ်ကြောင်း အစရှိသည့် အသိပညာဗဟုသုတရရှိစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)