နတ်မောက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဝါစိုက်ဧက (၂၂၈၄၆) စိုက်ပျိုးနိုင်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တောင်ထောင့်ကျေးရွာရှိ ဝါစံပြကွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်ထောင့်ကျေးရွာရှိ တောင်သူဦးကျော်ဝင်း၏ ဝါစံပြကွက်စိုက်ခင်းအားကြည့်ရှု၍ အပင်များပိုးမွှားကျရောက်မှုမရှိစေရန်၊ အပင်နှင့်အသီးများကြီးထွားမှုရှိစေရန် အပင်အားတိုးဆေးများကို စနစ်တကျသုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဝါပွင့်များကောက်ယူ၍ မှတ်တမ်းပြုစုခြင်းများဆောင်ရွက်ခဲ့ရာ ရွှေတောင်(၁၀)ချည်မျှင်ရှည်ဝါတစ်ဧကလျင်(၆၁၀)ပိဿာထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
လှဝင်း