ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားဆိုင်ရာပစ္စည်းများ ပေးအပ်
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း အဆောင်(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။