မက်မန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မက်မန်း နိုဝင်ဘာလ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဥက္ကဋ္ဌ)ဒေါ်ညို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် အဖွဲ့ဝင်တို့က အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဘော်လုံးပစ်အားကစားနည်းနှင့် ခွက်နင်းအားကစားနည်းနှင့် ဆေးရောင်ခြယ်ကစားနည်းများကို ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။

ထို့နောက် ကာယ၊ ဉာဏစွမ်းရည်ပြိင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဥက္ကဋ္ဌ)ဒေါ်ညို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေတို့က ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)