တပ်ကုန်း နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေ အောက်ရေများ အသုံးပြုပြီး ဆောင်းသီးနှံမျိုးစုံကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
တပ်ကုန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်း(၁၁၈၀)ဧက၊ ဖူးစားပြောင်း(၂၀၀)ဧက၊ ပဲတီစိမ်း (၃၇၁၅)ဧက၊ မတ်ပဲ(၁၆၆၀)ဧက၊ ကုလားပဲ (၈၅၀)ဧက၊ ပဲကြီး(၉၇၀၀)ဧက၊ မြေပဲ(၁၁၂၇၂)ဧက၊ နှမ်း(၁၃၀၀၀)ဧက၊ နေကြာ(၇၀၀)ဧက၊ ကြက်သွန်နီ(၁၁၀၀)ဧက၊ အာလူး(၁၆၆၅)ဧက၊ ဟင်းသီး ဟင်းရွက်(၂၂၀၀)ဧက၊ ကြက်ဆူကြား(၁၃၉)ဧက၊ ကြံ(ရင့်)(၈၀၀)ဧက၊ စုစုပေါင်းဧက(၄၈၁၈၁) လျာထားစိုက်ပျိုးသွားမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်