မန်တုံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အီးစီးကရက်အန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး(Talk Show) ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အီးစီးကရက်ဆိုသည်မှာ လျှပ်စစ်ပစ္စည်း ကိရိယာတစ်မျိုးဖြစ်ကြောင်း သိရကြောင်း၊ လျှပ်စစ်ပစ္စည်းကိရိယာအတွင်းသို့ ဆေးရည်တစ်မျိုးကို ထည့်သွင်းအပူပေးရှုရှိုက်ရာမှ လေထုအတွင်းသို့ ဆေးလိပ်ကဲ့သို့ အငွေ့ပြန်လည်ထုတ်လွှတ်ပေးသော စီးကရက် သို့မဟုတ် ဆေးလိပ်ကဲ့သို့ အသုံးပြုနိုင်သော ပစ္စည်းကိရိယာတစ်မျိုးဖြစ်ကြောင်းနှင့် အီးစီးကရက်နှင့် နာတာရှည်အဆုတ်ရောဂါအကြောင်းအရာများ၊ ဒေါ်လွေးအေးတင်(ဒုတိယဦးစီးမှုး)က အီးစီးကရက်အန္တရာယ်ရှိပစ္စည်းများ အကြောင်းအရာများ၊ သတိပြုဆင်ခြင်ဖွယ်အကြောင်းအရာများ၊ အီးစီးကရက်နှင့်ဥပဒေပြဌာန်းချက်များအား ပြည်သူများဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)