ဓနုဖြူ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ (နေကြာ) စုပေါင်းစိုက်ပျိုးပွဲကို တမြာကျေးရွာအုပ်စု၊ လယ်ဦးရွာအပိုင် လယ်ပိုင်ရှင်ဦးမောင်မောင်ကြီး၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၈:၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က နေကြာ စိုက်ပျိုးမှု နည်းစနစ်များနှင့် သတ်မှတ် ဧက ပြည့်မီအောင်စိုက်ပျိုးကြရန် ရှင်လင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ လိုအပ်သည်များအား ဖြည့်စွက်ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုပေါင်း၍ နေကြာစိုက် ဧက(၁၀)ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အဖွဲ့ဝင်(၃) ဦးဝင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ (နေကြာသီးနှံ) အဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း ဦးရေ(၁၆၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိ ရသည်။
မြို့နယ်(ပြန်/ဆက်)