ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ပြုလုပ်သည်။

အဆိုပါအသိပညာပေး(TalkShow)ပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့်ရုံးအကူ ဒေါ်ယုယုအောင်တို့က ပါဝင်ဆောင်ရွက်ကြပြီး “အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ဦးတည်ချက်နှင့် ဆောင်ပုဒ်များအကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရစေကြရန်နှင့်လေးစားတန်ဖိုးထားတတ်ကြစေရန်ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)