မုံရွာခရိုင်လုထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မုံရွာ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက  ၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအ‌နေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ မှတ်သားအတုယူ နိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် အတွေးအခေါ် ရင့်သန်လာစေရန်၊ စာပေ အကျိုးကျေးဇူးများကိုသိရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကိုသိ‌ရှိ‌ပြီး လေ့လာမှတ်သားတတ်စေရန်နှင့် စာဖတ်ပရိသတ်များ တိုးပွားလာ‌စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာ စေရန် အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွား လာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက ပြိုင်ပွဲများအလိုက် အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပပေးရာ စာစီစာကုံးပြိုင်ပွဲတွင် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-8၊ Grade-7 တို့မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးနှင့် ပုံပြောပြိုင်ပွဲတွင် စိတ်ကြိုက် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မှုတို့နှင့် စကားပုံစက် ဂိမ်းပြိုင်ပွဲများ ကျင်းပပေးမှုတို့အား တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကား ပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် အတူ ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရှင် မဇူးမေထွန်း၏ ပြန်လည်သရုပ်ပြပြောဆိုမှုအား ကြည့်ရှု အားပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်တို့က စာစီစာကုံးပြိုင်ပွဲတွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံခေါင်းစဉ်ဖြင့် ပထမဆုရရှိသူ၊ မဇင်ဇင်ဆွေ၊ ဒုတိယဆု ရရှိသူ မမိုးသံစဉ်ချို၊ တတိယဆုရရှိသူ မနှင်းရွှေရည်တို့အား လည်းကောင်း၊  ပုံပြင်ပြောပြိုင်ပွဲတွင် စည်းလုံးခြင်း သည်အင်အား ခေါင်းစဉ်ဖြင့် ပထမဆုရရှိသူ မဇူးမေထွန်း၊ ပညာရှိမြောက်နှင့် ပညာမဲ့ မိကျောင်း ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသူ မယဉ်မွန်အောင်၊ အဖိုးအိုနှင့် သားသုံးယောက် ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသူ မောင်ပိုင်ပိုင်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ခင်ကြင်းပြသထားသော စာအုပ် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့အား တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)