ဒိုက်ဦး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် ၉ ဖအောင်ဝဲရပ်ကွက် အလက(ခွဲ)လက်ပန်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ အကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဆွေသက်အောင်က အသိပညာဖွံ့ဖြိုးဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးမြတ်ဇော်ထွန်းက အားကစား၏ အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ Physical Fitness Dance ဖြင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)