အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

အမာ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁၂) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆိုပါ စာဖတ်ဝိုင်း ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဥ်သိန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့်  ရည်ရွက်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာအောင်သိန်းရေးသားသည့် “ရည်မှန်းချက်နှင့်ပြနာအထွေထွေ”  စာအုပ်မှ လူငယ်အမေး စာရေးဆရာအဖြေကဏ္ဍကိုဦးဆောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည် ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်း၊ အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)