ကသာ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောကလျာက Online Page (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အိအိထွန်း (ရုပ်သံ ကျွမ်းကျင်-၃)က (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်သည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့သမိုင်းတွင် နေ့ထူးနေ့မြတ်အဖြစ် သမိုင်းမှတ်တိုင်ထူးပြီး အောင်ပွဲအဖြစ် သတ်မှတ်ရခြင်းကိုလည်းကောင်း၊ ရန်ကုန်သက္ကသိုလ် ပညာရေးဥပဒေကြမ်းတွင် ပါရှိ သည့် အချက်များကိုလည်းကောင်း၊ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြသည့် အသင်းအဖွဲ့ များ၏ ဆုံးဖြတ်ချက်များ အကြောင်းကိုလည်းကောင်း ဆွေးနွေးမေးမြန်းခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားစိတ်ဓာတ်၊ ဇာတိမာန်များ တက်ကြွစေပြီး ကိုယ်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူရခြင်း၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတို့ကလေးစားခြင်းသည် အမျိုးသားစိတ်ဓာတ် ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်းများ၊ မျိုးချစ် ကျောင်းသားကြီးများက အသက်သွေး၊ ချွေးပေးဆပ်ပြီး ကျားကုတ်၊ ကျားခဲရယူခဲ့ရသည့် အမိမြေ၊ အမိစာပေ၊ အမိယဉ်ကျေးမှု များကို မပျောက်ပျက်ရအောင် ဆက်လက်ထိန်းသိမ်း ရမှာသည် လက်ရှိလူငယ်ခေါင်းဆောင်များ ဖြစ်ပါ ကြောင်းနှင့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မျိုးချစ်စိတ်ဓာတ် များ ပြန်လည်နိုးကြားလာစေရန် ရည်ရွယ်ပြီး Talk Show ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိထံမှ သိရသည်။
ကျော်စွာ(ကသာ)