ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းလေးဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Nov 15,2022
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နိုင်ရန်နေသည့်အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဒေသထွက်ကုန်များ ထုတ်လုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိများသည် အင်းပေါခုန်ကျေးရွာရှိ ခေတ်ဆန်းယဉ် ကြာ၊ ပိုးနှင့် ချည်ယက္ကန်းရုံတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။