ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ဗဟုသုတရှာဖွေတတ်ကြစေရန်နှင့် ကျောင်းသားလူငယ်များအား ပြိုင်ပွဲများတွင် အလေထားဂရုတစ်စိုက် ယှဉ်ပြိုင်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လစဉ်ပြိုင်ပွဲများအား ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။