မိုင်းယုမြို့၌ (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးများနှင့် သတ္တိဗျတ္တိများ ပိုမိုထက်မြက်လာစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်လာစေရန်အတွက် စာစီစာကုံး၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းပြိုင်ပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ အားကစားပြိုင်ပွဲများကို မြို့မရပ်ကွက်ရှိ အားကစားကွင်းတွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။